မိုင်းရူပ၊ ဇန်နဝါရီ ၂၇ ရက်၊ ဝက်လက်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၀နာရီ ဝန်းကျင်မှာ ပေါက်ကံရွာ ဘူတာအနီးကို အသေခံဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာခဲ့တာ ဖြစ်ပါတယ််။
“အသေခံဒရုန်း ၂ စီးက ဆာတောင်စစ်တပ်စခန်းကနေ လွှတ်လာတာ။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးဘဲ လာကြဲတာ။ အထိအခိုက် ၂ ဦးရှိတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူး” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းထဲက နေရာတွေကို စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လိုလိုပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာလည်း ပေါက်ကံရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ််အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၂၃၂၆) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၄၁၄၆) ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။