ဓာတ်ပုံ – CJ

ပို့လဘား၊ ဇန်နဝါရီ ၂၆ ရက်၊ မကွေး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၆ ရက် မနက် ၈ နာရီခွဲ‌အကျော်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) မှ တက်လာတဲ့ စက်တပ်လေထီးတစ်စီးဟာ ဆိပ်ဖြူမြို့နယ်ရှိ မုန်တိုင်းချောင်းအနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီမနက် ၈ နာရီ ၄၃ မိနစ်မှာ ပျက်ကျပြီး မီးလောင်တာတော့ သိရတယ်။ သူတို့စက်ချို့ယွင်းမှု‌ကြောင့်ပေါ့။ အခုပျက်ကျတဲ့ နေရာက သူတို့ရဲ့ ကပစ ၂၂ နဲ့ နီးနီးလေးပဲ။ သေဆုံးမှုရှိမရှိ စိစစ်နေတုန်းပဲ”

အဲဒီ စက်တပ်‌လေထီး မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုလည်း ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့စက်တပ်လေထီး( ပါရာမော်တာ)ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နဲ့ ပူပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်မှာလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ငှာနချုပ် (နမခ)သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁ စီး ပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။