ဓာတ်ပုံ – CJ

အလင်း၊ ဇန်နဝါရီ ၂၆ ရက်၊ ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့ရဲ့ နွေဦးတော်လှန်ရေးလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းငွန်ဆန်းအောင်ဟာ မနေ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆလိုင်းငွန်ဆန်းအောင်ဟာ ပြီးခဲ့တဲ့အပတ်က ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း ကျန်းမာရေးချို့ယွင်းလာသဖြင့် ဆေးခန်းမှာ တက်ရောက်ကုသနေသူဖြစ်ပါတယ်။

ကွယ်လွန်တဲ့နေ့ မနက်ပိုင်းအချိန်အထိ ကလေးချီနိုင်တဲ့ အခြေအနေရှိပေမဲ့ရုတ်တရက် မူးလဲသွားခဲ့ရာမှ ဆေးခန်းသို့ ပို့ဆောင်ခဲ့ရပြီး ညနေပိုင်းမှာ ခေါင်းမူးတာ၊ အန်တာတို့ ဖြစ်ပေါ်ကာ အခြေအနေဆိုးရွားပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“သူ့အဖေ ပြီးခဲ့တဲ့ အပတ်က ဆုံးသွားတော့ အတော်လေး စိတ်ထိခိုက်ပုံ ရပါတယ်။ သူကလည်း ကျန်းမာရေး သိပ်မကောင်းဘူးလေ။ မနေ့က မနက် ကလေး ချီနေရင်း မူးလဲသွားတယ်။ နေ့လယ်လောက်မှ ဆေးခန်းပြတယ်။ ဆေးခန်းရောက်တော့လည်း လူက ကောင်းပါသေးတယ်။ ပုံမှန်ပါပဲ။ ညနေပိုင်းရောက်မှ ခေါင်းမူးတယ်။ အန်တယ်။ ပြီးမှ ရုတ်တရက် ဆုံးသွားတယ်” လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဆလိုင်းငွန်ဆန်းအောင်ဟာ ချင်းလူငယ်အတွင်း ဩဇာရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဟားခါးမြို့မှာ ဦးဆောင်ခဲ့သူဖြစ်သလို လက်ရှိမှာ CDF-Hakha အတွင်းရေးမှူး အဖြစ် တာဝန်ယူနေသူလည်းဖြစ်ပါတယ်။

“ဟားခါးမြို့ရဲ့ လူထုသပိတ်ခေါင်းဆောင်ပေါ့။ သူဦးဆောင်ပြီး ဟားခါးမြို့မှာ သပိတ်ဆင်နွှဲခဲ့တာပါ။ CDF-Hakha မှာလည်း တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသူလည်းဖြစ်ပါတယ်။” ၎င်းရဲ့ မိတ်ဆွေဖြစ်သူက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ဆလိုင်းငွန်ဆန်းအောင်ဟာ စစ်အာဏာမသိမ်းမီ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ရဲ့ လူငယ်ခေါင်းဆောင်ဖြစ်ပြီး ဟားခါးအခြေစိုက် The Chinland Post သတင်းဌာနမှာ အက်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သတင်းသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

အရည်အချင်းပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်တစ်ဦးကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းမှာ လက်ရှိ ချင်းတော်လှန်ရေးနဲ့ ဟားခါးလူငယ်အသိုင်းအဝိုင်းအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်တယ်လို့ ဟားခါးဒေသခံတွေက ဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။