ရဲမာန်၊ ဇန်နဝါရီ ၂၄ ရက်၊ မော်လူး
အင်းတော်မြို့နယ် မော်လူးမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး (ပကဖ) တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် မာန်ဟဲရွာထိပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ချသွားတာ။ အဲမှာ ပကဖ ၅ ဦး သေသွားတယ်။ ဒဏ်ရာရတာက ၂ ယောက် ရှိတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ G12 ကျောင်းသူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာလည်း အင်းတော် မြို့မကျောင်းကို လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ ဘုရားကုန်းမှာ ရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။