ရဲမာန်၊ ဇန်နဝါရီ ၂၁ ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူကောင်လေးနဲ့ ရပ်ကွက်အုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓ္ဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ ဘုရားသုံးဆူမြို့ ထားဝယ်အုပ်စုရပ်ကွက် နေထိုင်သူ အမျိုးသမီးငယ်က ချစ်သူကောင်လေးချိန်းရာကို သွားတွေ့စဉ် ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကိုတော့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကောင်မလေး အိမ်ကနေထွက်သွာပြီး ၃ရက်မြောက်နေ့မှ ထားဝယ်စု ရေတွင်းအပျက်မှာ အလောင်းကို သွားတွေ့တာ။ ပြီးတော့ မိဘတွေတိုင်ကြားချက်အရ ကောင်မလေးက သူကောင်လေးနဲ သွားတွေ့တယ်။ အဲ့လိုသတင်း ကြားကြားခြင်းမှာဘဲ ကောင်မလေးရဲ့ ဘဲကိုသွားဖမ်းပြီး မေးမြန်းတာပေါ့။ ဝန်မခံပါဘူး။ သူတို့လုပ်ခဲ့တဲ့နေရာမှာ ကွန်ဒုံးကျန်ခဲ့ရာကနေ အဲ့တာကိုဘယ်ကဝယ်လဲ လိုက်ရာကနေ အစဖျောက်တဲ့ထိ လုပ်ကြံကြတာကို သိခဲ့ရတယ်။ ပြုကျင့်ခဲ့တာက ကောင်မလေးရဲ့ ဘဲရယ် ပြီးတော့ ကောင်လေးရဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ ချာလီဆိုတဲ့ ရပ်ကွက်အုပ်ရေးမှူးတွေက ပြုကျင့်ခဲ့တာ။ ပြုကျင့်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတ်ဖို့ပြောပြီး အလောင်းကို သူဘဲ ဖျောက်ခိုင်းတာလို့ ဝန်ခံထားပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်သူတွေကတော့ အသက် ၁၇ နှစ်ကျော် မောင်ကောင်းဆက်၊ အသက် ၁၉ နှစ်အရွယ် မောင်ဌေးကို၊ အသက် ၁၉ နှစ်အရွယ် မောင်နိုင်ဝင်းကိုနဲ့ အသက် ၆၃ နှစ်အရွယ် ဦးချာလီတို့ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သက်သေတွေ ပြည့်စုံနေပြီဆိုရင် ၄၅ ရက်အတွင်းမှာဘဲ အမိန့်ချပါတယ်။ အမှန်တရားအတိုင်းဘဲ ဖြစ်စေချင်ပါတယ်။ တကယ်ကျူးလွန်ခဲ့သူတွေကိုတော့ သူတို့နဲ ထိုက်တန်တဲ့ အပြစ်တော့ ချမှတ်စေချင်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အဓ္ဓမပြုကျင့်ခဲ့တဲ့ အဆိုပါ အမျိုးသား ၄ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) တရားရုံးမှာ ဖမ်းဆီးထားပြီး အမှုစစ်ဆေးမှုပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။