တအာင်းလူငယ်ဖိုရမ်ကို တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တုန်းက နမ့်ခမ်းမြို့မှာ ၂ ရက်သာ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်ကို တအာင်းလူငယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
လူငယ်ဖိုရမ်ကို ရှမ်းမြောက် မြို့နယ် ၁၂ ခုက တအာင်းလူငယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေအပါအဝင် တအာင်းအမျိုးသားပါတီ TNP ရဲ့ ကိုယ်စားလှယ်နဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်း ၁၃ ဖွဲ့က လူငယ်စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီသတင်း အပြည့်အစုံကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။