ဓာတ်ပုံ – SAC

မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်

မန္တလေးတိုင်း မိုးကုတ်- သပိတ်ကျင်းလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၁၄၈ တပ်အပါအဝင် မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းနေရာအများစုကို ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ညောင်ပင်သာ၊ ပိုးဇာနွယ်နဲ့ ကျောက်လှည်းဘီကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မန္တလေး- မိုးကုတ်လမ်းပိုင်းတစ်ခုလုံး ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်သွားမယ်လို့ ဆိုပါတယ်။

မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းပြန်ရဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

မိုး​ကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ကျေးရွာတွေကို လက်လွှတ်ထားရကြောင်း ရွှေဖီမြေကို ပြောပါတယ်။

” ခလရ- ၁၄၈ တပ်အထိ စကစတွေ ဝင်သွားပြီ။ မိုးကုတ်အနောက်ပိုင်းနားက နေရာတွေအထိတော့ မရောက်သေးဘူး” လို့ မိုးကုတ်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေး- စဥ့်ကူး- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပြီး မိုးကုတ်-မန္တလေးလမ်းပိုင်းတစ်ခုလုံး ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်ဘက်က တရုတ်အကူအညီနဲ့ ပြန်ရထားတာကြောင့် မိုးကုတ်- သပိတ်ကျင်း လမ်းပိုင်းကို စစ်ကောင်စီပြန်ထိန်းချုပ်နိုင်ခဲ့ရင် မိုးကုတ်- မန္တလေးလမ်းပိုင်းတစ်ခုလုံး စစ်ကောင်စီလက်အောက်ပြန်ရောက်မယ့် အခြေအနေဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။