ဓာတ်ပုံ – မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း

ပျားကြီး၊ ဇန်နဝါရီ ၁၅ ရက်၊ မြင်းခြံ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်တဲ့ စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မြင်းခြံ – ညောင်ဦး ကားလမ်းပေါ်က တမိုက်သာကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်းက စီးနင်းလာတဲ့ မော်တော်ယာဥ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဖမ်းမိထားတယ်ဆိုတာ မသိသေးလို့ မြို့ပေါ်မှာတော့ သီတာယုမွန်က ကား ၃ စီးနဲ့ လင်ပျောက်ရှာနေတယ်။ အခု ကျွန်တော်တို့ ထုတ်ပြန်လိုက်မှ သိသွားလို့ ပေါက်ကွဲပြီး မြို့ထဲပတ်ဆဲနေတယ်လို့ မြို့ခံတွေက ပြောတယ်။ စိန်လွင်ဆီမှာ WY တွေပါတယ်” လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စိန်လွင်ဟာ စစ်ကောင်စီရဲ့ ပျူစောထီး ဒုတိယခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ WY မူးယစ်ဆေးဝါးတွေ၊ ငွေကြေးအချို့နဲ့ ပျူစောထီး(ပြည်သူ့စစ်)သက်သေခံကဒ်ပြားပါ ရှိခဲ့ပြီး လက်နက်ခဲယမ်း တစုံတရာပါဝင်လာမှုတော့မရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

သီတာယုမွန်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းယူချိန်ကစပြီး မြင်းခြံမြို့ပေါ်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးတာ၊ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်ထဲက ကျေးရွာတွေ မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။