တစ်ချိန်က လက်နက်ချခဲ့ရတဲ့ တအာင်းဒေသ မန်တုံမြို့ဘောလုံးကွင်းမှာ နှစ် ၂၀ ကျော်အကြာမှာတော့ ဒီဘောလုံးကွင်းမှာဘဲ စစ်အင်အား ၁၅၀၀ ကျော်နဲ့ စစ်အင်အားပြပြီး တအာင်းတော်လှန်နေ့ကို TNLA က ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ တအာင်းလူထုတွေ အသက်သွေးချွေးတွေပေးဆပ်ခဲ့ရကာ စစ်ရေးနည်းနဲ့ တိုက်ယူခဲ့ရပြီး ဒီအောင်မြင်မှုကို ရရှိခဲ့တာလည်း ဖြစ်တယ်လို့ TNLAက ဆိုပါတယ်။
၆၃ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့ကို စစ်အင်အား ၁၅၀၀ ကျော်အပါအဝင် လေယာဥ်ပစ်လက်နက်၊ သံချပ်ကာကားနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ မန်တုံမြို့ပေါ်မှာ စစ်ရေးပြခဲ့တာ ဖြစ်ပါတယ်။
၆၃ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့အကြောင်းကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။