ဗီဒီယို – CJ

အလင်း၊ ဇန်နဝါရီလ ၁၂ ရက်၊ ဖလမ်း

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက တိုက်နယ်ဆေးရုံဟာ လေကြောင်းဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် ဝန်ထမ်းအိမ်ယာ (၆) လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ် ဖလမ်း-ရိဒ်ခေါဒါရ် လမ်းပေါ်မှာရှိတဲ့ သီးဘွာလ် တိုက်နယ်ဆေးရုံကို စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီ ၂၂ မိနစ်ခန့်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

“ဆေးရုံကို ဗုံးကြဲတာပါ။ ဆေးရုံ၊ ဝန်ထမ်းအိပ်ရာ အကုန်လုံး ပျက်စီးသွားပါတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ ဖလမ်းမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဆေးရုံဟာ လည်ပတ်တာမရှိဘဲ ပိတ်ထားတာ ကြာပြီဖြစ်တာကြောင့် မနေ့ညက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ လူထိခိုက်မှု မရှိဘူးပဲ ဆေးရုံ၊ ဝန်ထမ်းအိပ်ရာတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“လူထိခိုက်မှု မရှိဘူး။ နိုင်ငံရေးမကောင်းကတည်းက ဆေးရုံက ပိတ်ထားတာကြောင့် ဆေးရုံမှာ လူလည်းမရှိတော့သလို လူနာတွေလည်း မရှိတော့ ထိခိုက်မှုမရှိဘူး။” လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သီးဘွာလ် တိုက်နယ်ဆေး ဗုံးကြဲပြီးနောက် Sim Dihai ရွာနဲ့ Tibual ကိုလည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။