ဓာတ်ပုံ – CJ

ပျားကြီး၊ ဇန်နဝါရီ ၁၀ ရက်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ ထုံးဘိုကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထုံးဘိုကျေးရွာကို မနေ့ ဇန်နဝါရီလ ၉ ရက် ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ တုန်ခါမှုတွေဟာ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းမှာရှိတဲ့ မန္တလေးမြို့ပေါ်ကပါ ကြားခဲ့ရတာဖြစ်ပါတယ်။

“ငလျင်လှုပ်တယ်ဆိုပြီး အိမ်အပြင်ထွက်ပြေးကြတာ။ အသံကြီးက အကျယ်ကြီး။ ဒါမျိုးအသံက တခါမှမကြားဖူးတော့ ငလျင်လှုပ်တယ်ပဲထင်တာ။ ပြီးမှ ဗုံးကြဲတယ်ဆိုတာ သိလိုက်ရတယ်” လို့ အောင်မြေသာစံမြို့နယ်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲမှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီး ညည့်နက်ပိုင်းအထိ ပုသိမ်ကြီးမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို ကြုံတွေ့ဖူးမှုမရှိတဲ့ မန္တလေးမြို့ခံတွေဟာ နေအိမ်ပြတင်းပေါက်တွေ တုန်ခါတဲ့အထိ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကို ငလျင်လှုပ်ခတ်မှု ဖြစ်ပွားတယ်ဆိုတဲ့ ထင်မြင်မှုကြောင့် နေအိမ်အပြင်ဖက်ကို ထွက်ပြေးခဲ့ကြတာ တွေ့ရပါတယ်။

စစ်ကောင်စီဟာ မင်းကွန်းနယ်တကြောက အုန်းသဇင်၊ ထုံးဘို စတဲ့ကျေးရွာတွေဖက်ကို မနက်အစောပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

နွားထိုးကြီးနယ်မှာ စစ်ကောင်စီတပ်က မီးလောင်အက်ဆစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က မီးလောင်အက်ဆစ်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကေနေ ဗုံးကြဲတိုက်ခိုက်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။