ဓာတ်ပုံ – မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း

ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်၊ မြင်းခြံ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉) က‌ ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက် ၅ နာရီမှာ လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှာ ၁၀ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ဇန်နဝါရီ ၆ ရက် ည၈ နာရီဝန်းကျင် ပိုက်တဲကုန်းကျေးရွာအနီး လာရောက်ကင်းပတ်‌နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA1 သေနတ် (၁)လက်နှင့်အတူ ခဲယမ်းအချို့အား မိမိတို့ MBTတပ်မှ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၎င်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနှင့်အတူ MGN အညာသားပြောက်ကျားတပ်၊ Onemore စစ်ကြောင်း၊မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊မိုရှည်ဒါးယမ်းအဖွဲ့၊YLKတပ်ဖွဲ့၊အမေ့လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အုတ်ဖိုမှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။