ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်၊ ဝက်လက်

ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေသောက်ကန်ရွာနဲ့ ပေါက်ကန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးအထိ ရှိလာတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲက ဆေးရုံသို့ ပို့ဆောင်စဉ် ရေသောက်ကန်ရွာခံ အသက် ၄၇ နှစ်အရွယ် ဒေါ်သင်ကြိုင်ဆိုသူ ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

“သေတဲ့သူ ၄ ဦးရှိပြီဗျ။ ဆေးရုံမှာ တစ်ယောက် ထပ်ဆုံးတယ်။ ပွဲချင်းပြီး ၃ ယောက်၊ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့လည်း ပျက်စီးတယ်” လို့ မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ပေါက်ကန်ရွာနဲ့ ရေသောက်ကန်ရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးနဲ့ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကန်ရွာမှာ လူထိခိုက်မှု မရှိဘဲ ရေသောက်ကန်ရွာမှာတော့ ၅ လသား ရှင်းခန့်ကျော် အပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကို မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲဝန်းကျင်မှာလည်း ခင်ဦးမြို့နယ် ကုန်းကြီးရွာရှိ စစ်ရှောင်သူများသာ နေထိုင်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စာရင်းအရ ဒီဇင်ဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၇၆ ဦး သေဆုံးကာ ဒဏ်ရာရသူ ၃၂၅ ဦး ရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံး တိုက်ခိုက်ခံရပြီး မကွေးတိုင်းက ဒုတိယအများဆုံး ဖြစ်ကြောင်း MDSI ရဲ့ မနေ့ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။