ဓာတ်ပုံ – Local

‎လွေးထွေး၊ ဇန်နဝါရီ ၄ ရက်၊ မိုးကုတ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်အရှေ့ပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ မိုးကုတ်အရှေ့ပိုင်း လယ်ဦးရပ်ကွက်က အ.ထ.က ကျောင်းရှေ့မှာရှိတဲ့ ရတနာသီရိ ဘုန်းကြီးကျောင်းထဲလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အဲဖြစ်စဉ်မှာ ဘုန်ကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူသွားခဲ့ပြီး ၎င်းပစ်ခတ်တဲ့နေရာကို လာကြည့်တဲ့အမျိုးသမီးဟာ ဒုတိယအကြိမ် ထပ်ပစ်လာချိန် ကျည်ထိပြီး ထပ်မံသေဆုံးခဲ့တာလို့ ရပ်ကွက်နေ အမျိုးသားက ဆိုပါတယ်။

‎”အသံဘဲကြားရတာ အပြင်ထွက်မကြည့်ဖြစ်ဘူး။ အိမ်ကလူတွေသွားကြည့်တာတော့ လူသေတယ်တဲ့။ ကျနော်သိသလောက်ဆို လွန်ခဲ့တဲ့ ၄.၅ ရက်က အဲမှာ စကစတွေ လာနေသွားတယ် ” လို့ ပြောပါတယ်။

‎လက်ရှိသတင်းရေးသားချန်အထိ ပစ်ခတ်သံမကြားတော့ပေမဲ့ သက်ဆိုင်ရာတွေက ၎င်းရုပ်အလောင်းတွေကို သွားရောက်ရှင်းလင်းနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

‎အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အောက်ပိန်းပစ်ရွာရဲ့စာသင်ကျောင်း ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရပါတယ်။

‎မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA က စစ်ကောင်စီတပ်ကို လက်လွှတ်ခဲ့ရပေမဲ့ ၎င်းဒေသမှာရှိတဲ့ မိုးကုတ်ဗျူဟာနဲ့ တခြားတော်လှန်ရေးတပ်တွေကလည်း မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ကြေငြာထားပါတယ်။

‎ဒီဇင်ဘာ ၂၄ ရက်ကလည်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က သတင်းထုတ်ပြန်ထားပါတယ်

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။