ဓာတ်ပုံ- DPLA

လွေးဇွန်မိုး၊ ဇန်နဝါရီ ၁၇ ရက်၊ ကျောက်ဂူ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ လွယ်ဟောင်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဓနုတပ်တော်- DPLA က ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၁၆ ရက် တစ်ရက်အတွင်း Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မနေ့ကတော့ ကျောက်ဂူမှာ တိုက်ပွဲဖြစ်တဲ့အနေအထား ရှိတယ်ပေါ့လေ။ အဒီမှာက စစ်ကောင်စီဘက်က Y-12 နဲ့ လွယ်ဟောင်မှာကို သူ့တိုလေယာဥ်နဲ့လာချတာပေါ့လေနော်။ ဒီနေ့အခြေအနေကတော့ ကျနော် မသိရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရတဲ့ ဒေသခံတွေကို DPLA တပ်က ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူက အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူဒေသရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ကျောက်ဂူဒေသမှာ စစ်တပ်နဲ့ DPLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။