ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဒီဇင်ဘာ ၂၉ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဖီရ်ရွာမှာ စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် နေအိမ် ၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသားတဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့ရက်ဖြစ်တဲ့ ဖလမ်းမြို့နယ်၊ သီးဖီရ်ရွာမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ခန့် လာရောက်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဗုံးက နှစ်ကြိမ် လာကြဲတယ်။ နေအိမ် သုံးလုံးပြာကျတယ်။ တစ်အိမ်က လုံးဝ ပျက်စီးသွားပြီး နောက်ထပ် (၁၆) လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။ ဘုရားကျောင်းလည်း အတော်ပျက်စီးသွားတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သီးဖီရ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့အပတ်ကတည်းက တိုက်ပွဲဖြစ်တာကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

“ရွာသားတွေက ရွာအနီးအနားမှာ တိုက်ပွဲဖြစ်လို့ အကုန်စစ်ဘေးရှောင်ကြလို့ မနေ့က ဗုံးကြဲတဲ့ချိန် ထိခိုက်မှုမရှိပါဘူး။ အိမ်တွေလောက်ပဲ ထိခိုက်မှုရှိတယ်။ စစ်ကောင်စီက သူတို့စစ်ကြောင်းအတွက် လေကြောင်းကနေ ရှင်းပေးတာဖြစ်မယ်။”လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း သီးဖီရ်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။