ရဲမာန်၊ ဒီဇင်ဘာ ၂၉ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်းတို့က ကင်းပုန်း ဝပ်စောင့်ဆိုင်းနေစဉ် မြို့တွင်းမှ ထွက်လာတဲ့ ပျူမ ၃ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“လက်နက်မပါဘူး။ မြို့အပြင်ဘက်ကိုကျွံလာလို့ ဖမ်းဆီးရမိခဲ့တာပါ။ ထွက်ပြေးတော့ မသက်သာပဲမိုင်းဆွဲလိုက်ရတယ်။ ဆေးကုသမှုပေးထားပါတယ်”လို့ ထနောင်းမြေစစ်ကြောင်း ထောက်လှမ်းရေးတာ၀န်ခဲ ရဲဘော်မူတူးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က မြင်းခြံမြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ညနေ၆နာရီလောက်ဆို မီးဖြတ်ပီး လိုက်ဆွဲပါတယ်”
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်နေပြီး စစ်ဆေးရရှိတဲ့ သတင်းအချက်လက်နဲ့ ကိုယ်ရေးအကျဉ်း အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားပါမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ မှာ မြင်းခြံမြို့နယ်မှာ အိမ်စီးကားနဲ့ ကင်းပတ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ သီတာယုမွန်တို့ အဖွဲ့သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ကားပေါ်လိုက်ပါသူ ၅ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။