သတင်းဓာတ်ပုံ
မိုင်းရူကော၊ ရဲမာန်၊ ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၆ ရက်
လက်ဖက်မြေ ပညာရေး ဖောင်ဒေးရှင်း- TLEF က ဦးစီးပြီး ဖွင့်လှစ်တဲ့ ၂ နှစ်ကြာ လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း- TLSPS အပတ်စဉ် ၃ ဒီပလိုမာဘွဲ့ ပေးအပ်တဲ့ အခမ်းအနားကို မနေ့ ဒီဇင်ဘာ ၂၅ ရက်က နမ့်ဆန်မြို့မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ တအာင်းပြည်ကောင်စီ- TLC ဒုဥက္ကဌ(၁) ဒီဒီမိုးခမ်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ TLEF ရဲ့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်ပြီး တအာင်းပြည် ပညာရေးကောင်စီ- TLEC ရဲ့ ဥက္ကဌဖြစ်တဲ့ ဒီဒီပို;စေင်နဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်း၊ ကျောင်းသူကျောင်းသားမိဘ၊ သင်တန်းဆရာဆရာမအပါအဝင် ဒေသခံလူထု ၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
အပတ်စဉ် ၃ မှာ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်က ကျောင်းသား ၂၂ ဦး၊ ကျောင်းသူ ၁၂ ဦး စုစုပေါင်း ၃၄ ဦး တက်ရောက်အောင်မြင်ခဲ့ကြပါတယ်။
အပတ်စဉ် ၄ ကို လာမယ့် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း TLEF ရဲ့ ဒါရိုက်တာ မိုင်းပ္လါင်ဇာရ်က ပြောပါတယ်။
အပတ်စဉ် ၁ ကို ၂၀၁၆ ခုနှစ်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူကျောင်းသား ၂၇ ဦးနဲ့ အပတ်စဉ် ၂ ကို ရှမ်းမြောက် လားရှိုးမြို့မှာ ၂၀၁၈ က ဖွင့်လှစ်ခဲ့ရာ ကျောင်းသူ ကျောင်းသား ၂၅ ဦး တက်ရောက်အောင်မြင်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။