ဓာတ်ပုံ – NUG

မိုင်းရူပ၊ ဒီဇင်ဘာ ၂၄ ရက်

တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီပြန်ရခဲဲဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်တွေအကြား ၂ ပတ်ကျော်အတွင်း တိုက်ပွဲ ၁၅ ကြိမ်​ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ယ (၇) ရက်ကနေ ဒီနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲငယ်၉ ကြိမ်နဲ့ တိုက်ပွကြီး ၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပတ်ကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က ကျေးရွာတစ်ရွာနဲ့ စိုးမိုးကုန်းတစ်ခုကိုPDF တွေဘက်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်ဝင်သွားမယ်လို့ NUG က ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၄ ရက် နေ့လည်ပိုင်းအထိ မိုးကုတ်- တွင်းငယ်လမ်းပိုင်းမှာ ရေတံခွန်ရွာအနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီနေ့ နေ့လည် ၂ နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရသေးတယ်။ တိုက်ပွဲက ရေတံခွန်နဲ့ ဘော်ဒေရွာကြားမှာ ရွှေသဲဆိုတဲ့ရွာရှိတယ်။ အဲမှာ ဖြစ်နေတာ။စကစဘက်က ရှေ့တိုးလာနေတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်​မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။