ရဲမာန်၊ ဒီဇင်ဘာ ၂၀ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ် စစ်ရှောင် ၂ သောင်းကျော်ဟာ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။
အဆိုပါစစ်ရှောင် ၂ သောင်းကျော်ဟာ မိုးကာ၊ စောင်နဲ့ အခြေခံစားသောက်ကုန်တွေကို အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“ချောင်ဦးနယ်အနောက်ခြမ်းနဲ့ မုံရွာနယ် တောင်ခြမ်းက စစ်ရှောင်ဦးရေးက ၂ သောင်းကျော်ရှိတယ်။ ဆောင်းအခါလည်းဖြစ်တော့ အမိုးအကာ စောင် အနွေထည်တွေ အတော်လေး လိုအပ်နေတယ်။ ကူညီပေးမူလဲ အလွန်ကိုနည်းပါးလွန်းနေတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့တို့ မီးရှို့ဖျက်ဆီးလိုက်တဲ့ နဂါးတွင်းရွာက အိမ်ခြေ ၅၃ အိမ်က မိသားစုဝင်လည်း အရေးပေါ်အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကတည်းက ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အခုထိတိုင် ရွာထဲက မထွက်ဘဲ ဆက်ရှိနေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျီးကုန်းရွာအပြင် ချောင်းဦးနယ်အနောက်ခြမ်းနဲ့ အမြင့်မြို့နီးက ရွာတွေ အကုန်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။