ဓာတ်ပုံ – Telegram

လွေးထွေး၊ ဒီဇင်ဘာလ ၁၉ ရက်

‎တော်လှန်ရေးတပ်ဖွဲ့တွေ ၁နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က အင်အာအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီဇင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့လို့ လက်ပံလှရွာကို ရသွားသလို လေကြောင်းနဲ့လက်နက်ကြီး၊ ဒရုန်းကိုပါ တပြိုင်နက်တည်း အဆက်မပြတ် အသုံးပြုခဲ့တာကြောင့် လက်ပံလှနဲ့ ၅ မိုင် ဝန်းကျင်သာရှိတဲ့ စဉ့်ကူးမြို့ထဲကို ဒီဇင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

“အဲနေ့မနက်ကစပြီး စစ်ကြောင်းမရောက်ခင် လက်နက်ကြီးနဲ့ လေယာဉ်က အမြဲတစေဝဲပြီးကြဲတာ။ ဒါကြောင့် ဒီဘက်ကလည်း ဆုတ်လိုက်ရတာ” လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

‎စစ်ကောင်စီတပ်ဝင်လာတာကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကလည်း ဧရာဝတီမြစ်တဖက်ကမ်းကို ထပ်မံထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

‎ဒါ့အပြင် မြို့ထဲဝင်လာချိန်က အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာရှိနေကြောင်း အထက်ပါအမျိုးသားက ဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

‎လက်ရှိသတင်းရေးသားချိန်အထိ စဉ့်ကူးမြို့နယ် လက်ပံလှရွာအနီးနဲ့ စဉ့်ကူးမြို့အနီးမှာ ပစ်ခတ်မှုတွေရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

‎စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မန္တလေး PDF နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။