ပို့လဘား၊ ဒီဇင်ဘာ ၁၇ ရက်၊ သိန္နီ
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။
“ဘယ်ကနေ ဘယ်လိုစလောင်လဲတော့မသိရဘူး။ ပြီးခဲ့တဲ့တခေါက်မီးလောင်ခဲ့တဲ့ အနားကပဲ။ မီးလောင်မှုမဖြစ်ခင်မှာတော့ ကားတစ်စီးရပ်ထားတာတွေ့တယ်။ အဲကား ဓာတ်ဆီလာပို့တာ” လို့ ပြောပါတယ်။
မီးလောင်သွားတဲ့ ပန့်ဆီဆိုင်ကိုတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း သိန္နီမြို့က မြို့ဦးပန့်ဆီဆိုင် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ရှင်ရဲ့ သားဖြစ်သူက မီးလောင်သွားခဲ့တဲ့ဖြစ်စဉ် ဖြစ်ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။