ရဲမာန်၊ ဒီဇင်ဘာ ၁၇ ရက်၊ နတ်တလင်း
ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးရိုးမ PDF- ဗျူဟာ ၂၂ က မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ၈ နာရီခွဲမှာ အင်အား ၇၀ နဲ့ ဒမငယ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“တိုက်ပွဲက ၉ နာရီခွဲလောက်မှာဖြစ်တာပါ။ စကစအလောင်းတွေလည်းရခဲ့ပါတယ်။ ကျတော်တို့ဘက်က၂ ဦးဒဏ်ရာရခဲ့တယ်”လို့ ပဲခူးရိုးမ PDF- ဗျူဟာ ၂၂က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒမငယ်ရွာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အပြင် ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 1- ၁လက်၊ MA 11- ၁လက်၊ MA 5- ၁လက် နှင့် စကားပြောစက်၊ကျည်ဘောက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို အမှတ်၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာ၊ ဗျူဟာ (၂၂)ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင်တပ်ရင်း -၁ ၏ တပ်ခွဲ (၂၊၃၊၄၊၆၊၇) ၊တပ်ရင်းဒရုန်းတပ်ဖွဲ့ ၊ သာယာဝတီခရိုင်တပ်ရင်း -၂ ၏ တပ်ခွဲ -၁ နဲ့ နတ်တလင်း ပကဖ ၊ဇီးကုန်း ပကဖ ၊Spring Bees UAV Forceတို့မှ ပူးပေါင်းဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။