မိုင်းရူပ၊ ဒီဇင်ဘာ ၁၆ ရက်

ခိုင်မာကျယ်ပြန်တဲ့ နွေဦးတော်လှန်ရေးတပ်တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး နိုင်ငံတဝန်းရှိ နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့နဲ့ စတင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုဝင်ဘာပထမအပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ တွေ့ဆုံမှုပြုလုပ်နိုင်ခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့ အဖွဲ့ကို ဖိတ်ခေါ်ပြီး တပ်ပေါင်းစုဖြစ်လာရေးကို နိုဝင်ဘာ ၂၁ ရက်ကစပြီး ၃ ရက်တာကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

အဲညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို အဖွဲ့ဝင် ၁၉ နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစုထဲမှာ မပါနိုင်သေးတဲ့ တခြားနွေဦးတော်လှန်ရေးတပ်တွေကိုလည် ထပ်မံဖိတ်​ခေါ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင်ရပ်တည်ဖို့ ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတစ်ရပ် ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို နိုင်ငံတဝန်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံမဟုတ်တဲ့ အဓိကဖွဲ့စည်းပြီး တော်လှန်ရေးအတွက်အရေးကြီးတဲ့ အရွှေ့တစ်ခုဖြစ်တယ်လို့ SRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ရွှေဖီမြေကို ပြောပါတယ်။

“ကျ​နော်တို့ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုဟာ တော်လှန်ရေးအတွက် အင်မတန်အရေးကြီးတဲ့ အရွေ့ တစ်ခုဖြစ်တယ်။ တပ်ပေါင်းစုအသွင်နဲ့ ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာကျတဲ့ လုပ်ငန်းစဥ်ကို ဆောင်ရွက်နိုင်မှာဖြစ်တယ်”

တပ်ပေါင်းစုမှာ အဖွဲ့ဝင် ၁၉ ဖွဲ့မှာပါတဲ့ တပ်ဖွဲ့ဝင်တွေအချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ စီမံချက်တွေ၊ စစ်ဆင်ရေးတွေကို ကွပ်ကဲသွားမှာဖြစ်တယ်လို့ ကိုမင်းဟန်ထက်က ဆက်ပြောပြပါတယ်။

SRA ဖွဲ့ည်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုကို NUG က ကြိုဆိုထောက်ခံတဲ့ သဘောထားရှိတယ်လို့ဆိုပါတယ်။

SRA မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF) တို့ပါဝင်ပါတယ်။

ဒါ့အပြင် Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင် (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ၊ ယောတပ်တော်(YA) နဲ့ ယောကာကွယ်ရေးတပ်(YDF)တပ်လည်း ပါဝင်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။