ရဲမာန်၊ ဒီဇင်ဘာ ၁၅ ရက်၊ မော်လိုက်
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ဆွတ်နန်းရွာအနီးက စစ်ကောင်စီလက်ထဲ ယာယီဆုတ်ခွာပေးလိုက်ရတဲ့ ရန်ကင်းတောင်စခန်းကို Mawlaik Revolution တပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ မော်လိုက်တော်လှန် ရေးအင်အားစု တည်ရှိရာစခန်းကို စစ်ကောင်စီတပ်ဖွဲ့က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာကြောင့် ယာယီဆုတ်ခွာပေးလိုက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရုပ်အလောင်း ၆ လောင်းရပါတယ်။ ဒဏ်ရာရတာလဲ ရှိနိုင်တယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မော်လိုက်မြို့ပေါ်ကနေ ဟောင်ဝှစ်ဇာနဲ့ ၁၂၀ မမတွေ ပစ်တယ်”လို့ Mawlaik Revolution ကတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တပ်မ ၇၇ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ) ၈၊ မော်လိုက်အခြေစိုက် ခမရ ၃၆၄/၃၆၅/၃၆၆၊ မော်လိုက်မြို့နယ် ပျူစောထီးတပ်နဲ့ Mawlaik Revolutionတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကလည်း ဆွတ်နန်းရွာသို့ ပြန်လည်ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ၁၂၂မမ ရှော့တိုက်ဒုံး(၇)လုံး၊MA1 ၁လက်၊MA3၁လက်၊MA15 ၁လက်၊G3၁လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ၁၂၀၀ တောင့်၊Jammer (၁)လုံးနဲ့ စကစအလောင်း ၆လောင်းတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။