ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရေးပေါ် ဗုံးခိုကျင်း တူးနေရတယ်လို့ စစ်ရှောင်တွေက ရွှေဖီမြေကို ပြောပါတယ်။

ဇန်နဝါရီလအတွင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးနဲ့ နေ့စဥ်လိုလို ပစ်ခတ်နေတယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့ လက်နက်ကြီး ထုတာက ကျမတို့နေတဲ့ တဲအထိတောင် တုန်ခါတယ်။ ကလေးတွေ၊ လူကြီးတွေရှိတော့ ထပ်မရှောင်နိုင်တော့ဘူး။ အဲကြောင့် ကတုတ်ကျင်းတွေ တူးထားတာ”

ကတုတ်ကျင်းကို မိသားစုအလိုက် တူးကြတာဖြစ်ပြီး ကတုတ်ကျင်းတစ်ခုကို အနည်းဆုံး ၅ သိန်းကျပ်အထိ ကုန်ကျတယ်လို့လည်း သူမက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး‌ သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု- PKPF ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ကရင်နီပြည်မှာ လေကြောင်း တိုက်ခိုက်မှု ၁,၇၆၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။