ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၃ ရက်၊ လယ်ဒို

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေက ဦးဇင်းတစ်ပါးနဲ့ အရပ်သား ၃ ဦးထိမှန်သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ညမှာ စစ်ကောင်စီတပ်က ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ် လိန်ပင်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချခဲ့တာကြောင့် အသက် ၄၆ နှစ်အရွယ် စောဖားဟော်ဆိုသူ ထိမှန်သေဆုံးခဲ့တာဖြစ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီရဲ့ နတ်သံကွင်းအထိုင်တပ်ကနေ ရွှေခဲစုကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၇ နှစ်အရွယ် ဒေါ်ထွေးထွေးဆိုသူ ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်မှာလည်း စစ်ကောင်စီတပ်က စက်တပ်လေထီး နဲ့ ကျောက်စရစ်အနောက်ဖက်ကမ်း ကျေးရွာကို လာရောက်ပစ်ခတ်ခဲ့တာကြောင့် သက်တော် ၇၈ နှစ်အရွယ် ဦးဇင်း ဦးစန္ဒိမာ ထိမှန်ပျံလွန်တော်မူသွားသလို အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင် ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မောင်နေဇော်အောင် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ နတ်သံကွင်းကနေ ကျောက်စရစ်အရှေ့ဘက် ကမ်းကျေးရွာဆေးပေးခန်းကို ဒရုန်းနဲ့ ၂ ကြိမ်ဗုံးကြဲခဲ့တာကြောင့် ဆေးပေးခန်း ၁ လုံးထိမှန်ပျက်စီးခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။