ဓာတ်ပုံ – Local

မိုင်းရူပ၊ ဒီဇင်ဘာ ၁၂ ရက်၊ မိုးကုတ်

တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ စစ်ကောင်စီလက်အောက်ပြန်ရောက်သွားတဲ့ မိုးကုတ်မြို့မှာ ဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တပ်စွဲထားတဲ့ မိုးကုတ်ဆေးရုံနဲ့ ဆေးရုံအနီးတစ်ဝိုက်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စကစဘက်က ဆေးရုံမှာနေရာဝင်ယူထားတာ။ အဲနေရာကို ကြဲတာ။ ဒရုန်းနဲ့ ၆ လုံးကြဲတာ” လို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ထိခိုဒီသေဆုံးမှုကို မသိရသေးဘဲ မိုးကုတ်မြို့ပြင်နေရာတွေမှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သူကဆက်ပြောပြပါတယ်။

ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး တခြားမြို့ပြင်ကနေရာတွေကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့တွင်းကို စစ်ကောင်စီတပ်ပြန်ဝင်လာတာ ၂ ပတ်နီးပါရှိလာပြီဖြစ်ပြီး လက်ရှိအချိန်အထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်မစနိုင်သေးသလို မြို့ခံအများစုလည်း နေရပ်ပြန်မလာနိုင်သေးပါဘူး။

မြို့အဝင်အထွက်နေရာတွေကိုတော့ ဒေသခံတွေကို စစ်ကောင်စီဘက်က ​ဖြတ်သန်းသွားလာခွင့်ပြုပေမယ့် စစ်ဆေးမှုတင်းကြပ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်​မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

မိုးကုတ်အခြေစိုက် ​တော်လှန်တပ်တွေဖြစ်တဲ့ မိုးကုတ်ဗျုဟာ၊ မန္တလေး PDF ၊မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စတဲ့တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ထုတ်​ပြောထားပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလက်က မနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားထားပါတယ်။

#ဓာတ်ပုံ – Local

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။