ဓာတ်ပုံ- The India Today

အိုက်ပွီး၊ ဇန်နဝါရီ ၁၆ ရက်၊ အိန္ဒိယ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Mamit ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး- CNF/CNA ရဲ့ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ AK-47 ရိုင်ဖယ် ၆ လက်၊ ကျည်အိမ် ၁၃ ခု၊ ကျည်ဆန်မျိုးစုံ ၁ ထောင်ကျော်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ CNF/CNA ခေါင်းဆောင်တစ်ဦးနဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ နာမည်၊ ရာထူး ဖော်ပြထားခြင်း မရှိပါဘူး။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တစ်ကောင်း တောင်တန်းဒေသမှာ လှုပ်ရှား​နေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီကို ရွှေဖီမြေက ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ မီဇိုရမ်ပြည်နယ်အတွင်း ပမာဏအများဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုထဲက တစ်ခုဖြစ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phaileng ရဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က…