ဓာတ်ပုံ – BWM

ရဲမာန်၊ ဒီဇင်ဘာ ၁၁ ရက်၊ တောင်ငူ

ပဲခူးတိုင်း တောင်ငူမြို့ရဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်ခဲ့ရာ အကုန်လုံးပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar(B.W.M)က မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် ၁၀ နာရီဝန်းကျင်မှာ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ပစ်ခတ်ခဲ့ပြီး ယမ်းဂိုဒေါင် အနီး လုံခြုံးရေး တာဝန်ယူထားသူ ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အဓိကတော့ လေယဉ်ဆီလှောင်ကန်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့က ၉နာရီ၅၅ မိနစ်မှာ ပစ်လိုက်တယ်။ ပစ်ခတ်မှုအပြီး ရန်သူဘက်က ည ၁၀ နာရီ ၂၀ လောက်ကတည်းက လက်နက်ကြီးတွေနဲ့ အနီးနားတပ်ပေါင်းစုံက ဝိုင်းဝန်းပစ်ခတ်တာ ည ၂ နာရီကျော်တဲ့အထိတောက်လျှောက်ပါပဲ။ ဒါပေမယ့် ရဲဘော်အားလုံးဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပါတယ်” B.W.M က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် အခုနောက်ပိုင်း အသုံးများနေတဲ့ ပေါင် ၁၅၀၊ ပေါင် ၂၀၀၊ ပေါင် ၃၀၀ ဗုံးသီး‌တွေ ထားရှိတဲ့ ဂိုဒေါင်မှာ နာရီဝက် ကျော်ခန့် ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဓိက ရည်ရွယ်ပစ်မှတ်မှာ ဆီလှောင်ကန်ဖြစ်သော်လည်း ထိမှန်မှုရှိကြောင်း ကြားသိရခြင်း မရှိသေးပဲ အထက်ပါ အပျက်အစီးတွေသာ ကြားသိရသည့်အတွက် နောက်အကြိမ်တွေမှာ ပိုမိုထိရောက်အောင်ကြိုးစားရပါဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်သူ့ဘက်က အထပ်ထပ်ပိတ်ဆို့ထားတဲ့ကြားက ခုလိုပြုလုပ်နိုင်ခဲ့တာဟာ နယ်မြေခံမဟာမိတ်တွေရဲ့အထူးပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တာမို့ ကျနော်တို့ရဲ့မဟာမိတ်အဖွဲ့တွေကို အထူးပဲ ကျေးဇူးတင်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar အဖွဲ့ရဲ့ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့တို့သည် KNLA တပ်မဟာ ၂ နဲ့ တပ်ရင်း ၅ တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။