ဓာတ်ပုံ – MDY PDF

မိုင်းရူပ၊ ဒီဇင်ဘာ ၁၁ ရက်၊ စဥ့်ကူး

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူး​မြို့နယ်ထဲကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ပန်လှနဲ့ ၅ မိုင်အကွာ စစ်ကောင်စီတပ် ရောက်လာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ကနေ စဥ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းအတွင်း စစ်တပ်စစ်ကြောင်းဟာ ရွှေတွင်းတွေပေါများရာ လက်ပန်လှကျေးရွာနဲ့ ၅ မိုင်ဝန်းကျင်အကွာ ရွှေပြည်ရွာအထိ ရောက်ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပတ်လည်အင်း၊ ​တရော်ပင် ကျော်ပြီးတော့ စစ်ကောင်စီက ရွှေပြည်ရွာအထိ ရောက်လာပြီ။ အခု စကစထိုးနေတာက စဥ့်ကူးနယ် တောင်ခြမ်းပေါ့။ အခုစကစရောက်တဲ့နေရာနဲ့ လက်ပန်လှက ၅ မိုင်လောက်ပဲဝေးတယ်” လို့ ဆိုပါတယ်။

နောက်ထပ်စစ်ရေးသတင်းအမြစ်တစ်ဦးကလည်း လက်ပန်ရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

လက်ပန်လှကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ရွာကြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ရှမ်း-မန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ပန်လှကျေးရွာဟာ မိုးကုတ်- မန္တလေးလမ်းပေါ်မှာ တည်ရှိပြီး ရွှေတွင်းတွေပေါများတဲ့​ဒေသဖြစ်ကာ မန္တလေး PDF ဘက်ကလည်း နယ်မြေတွေလက်မလွှတ်ရရေး ဆက်လက်ခုခံနေရတဲ့ အခြေအနေလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ပေါ်က နေရာတွေအပါအဝင် သပိတ်ကျင်းမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးမြို့နယ်ထဲကို ထိုးစစ်ဆင်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။