ဓာတ်ပုံ – CJ

ရဲမာန်၊ ဒီဇင်ဘာ ၁၀ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာက အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတော်တစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့တယ်လို့ Monywa Revolution -MR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျီကုန်းကျောင်းသစ်ကျောင်းမှာ သတင်းသုံးတော်မှုနေတဲ့ ဦးသုမနာဘိဝံသဟာ ကိုယ်တစ်ခြမ်းသေနေတဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“ပစ်သတ်ခံရတာတော့ ၈ရက်နေ့ည သို့မဟုတ် ၉ရကါနေ့မှာ ဖြစ်ပါတယ်။ သတ်ခံရတာကိုတော့ မနေ့ကမှ သိတာပါ။ မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ နေခဲ့တဲ့ ဆရာတော်ပါ။ ဆရာတော်က ကိုယ်တစ်ခြမ်းသေနေတာပါ။ ဆရာတော်ပြုစုနေသူနဲ့ အခြား ပြည်သူနှစ်ဦးကိုပါ သတ်သွားတာပါ”

စစ်ကောင်စီတပ်က မကျီးကုန်းရွာကို ၁၁ ရက်ကြာတပ်စွဲထားပြီး ဒေသခံတွရဲ့ နေအိမ်တွေကိုပါ ၆ ကြိမ်မြောက် မီးရှို့နေခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“မီးရိူးခံရတာလဲ အိမ်ခြေကတော့ အတော်များ‌နေပြီ။ဘယ်နှစ်အိမ်လဲတော့ အတည်မပြုနိုင်သေးဘူး။ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီးရှို့တာ။ ဒီနေ့နဲ့ဆို ၆ ကြိမ်ရှိပြီ။ စစ်‌ကောင်စီတပ်တွေက လူစိတ်မရှိကြတော့ဘူးဆိုတော့ ပြည်သူ‌တွေအနေနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင် အတက်နိုင်ဆုံး ရှောင်နိုင်အောင် ရှောင်ကြဖို့” ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာဘဲ စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကြောင်းထိုးပြီး ကျီးကုန်းရွာက အသက် ၄၃ နှစ် အရွယ်ရှိ ကိုမင်းနိုင်ကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ကျီးကုန်းရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျီးကုန်းရွာအပြင် ချောင်းဦးနယ်အနောက်ခြမ်းနဲ့ အမြင့်မြို့နီးက ရွာတွေ အကုန်စစ်ရှောင်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။