ယာရူစိင်း၊ ဇန်နဝါရီ ၁၆ ရက်၊ နမ့်စန်

ရှမ်းတောင် နမ့်စန်မြို့နယ် ကာလေ‌ေကျးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ် သွားလုပ်ရာကနေ ၈ လ ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် မတင်မိုးလင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရွှေလီမြို့မှာ အလုပ် သွားလုပ်မယ်ဆိုပြီး နေအိမ်ကနေ ထွက်သွားရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအထိ အဆက်အသွယ် ရခဲ့‌ေပမဲ့ ဇူလိုင်လ နောက်ပိုင်းကစပြီး ဒီနေ့ ဇန်နဝါရီ ၁၆ ရက်အထိ အဆက်အသွယ် ပြတ်တောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူက “အစက လားရှိုးမှာ အလုပ် လုပ်မယ်ပေါ့။ ဒါပေမဲ့ လားရှိုးမှာ တိုက်ပွဲတွေဖြစ်တော့ အလုပ် မရတော့ဘူး‌ေလ။ ဒါကြောင့် ပန်ဆန်းကို သွားတယ် သူ့ရဲ့ သူဌေးမနဲ့ပေါ့။ သူဌေးမနောက် လိုက်တယ်တော့ သူပြောပြတာဘဲ။ ကျမလည်း သေချာမသိရဘူး ဘာအလုပ် လုပ်တာလဲဆိုတာကို သူသေချာမပြောပြဘူး။ သူတရုတ်စကားလည်း မကျွမ်းဘူး။ သူဌေးမ ဘာခိုင်းခိုင်း အကုန်လုပ်ရတာပေါ့” လို့ ပြောပါတယ်။

မှတ်ပုံတင် မပါသွားတဲ့အတွက် ပန်ဆန်းဂိတ်မှာ ဖမ်းခံရပြီး နှစ်ပတ်အကြာမှ ပြန်လွှတ်လာတဲ့အကြောင်းကိုလည်း မိခင်ဖြစ်သူက ပြောပြပါတယ်။

“ဖမ်းခံရတဲ့လူတွေ များတယ် အမေ စိတ်မပူနဲ့တဲ့။ သမီးဘာမှမဖြစ်ဘူး ပြန်လွှတ်လာပြီနော်တဲ့။ တချို့‌လူတွေတော့ ဖမ်းခံရရင် အိမ်ပြန်လွှတ်တယ်လေ။ သူကျတော့ သူဌေးမက နေထိုင်ခွင့် အာမခံ ၃ လနဲ့‌ ေခါ်ထားတာဆိုတော့ အဲကြောင့် သူလည်း ဆက်နေတာပေါ့။ သူ့သူဌေးမက ပန်ဆန်းမှာ မနေတော့လို့ ရွှေလီဘက်မှာ တစ်ခါတည်း သူ့ကို ခေါ်သွားတာ။ ရွှေလီရောက်တော့ ငါးရက်လောက် အဆက်အသွယ် ရသေးတယ်။ အဲနောက်မှာ ဆက်သွယ်လို့လဲ မရတော့ဘူး ဒီနေ့အထိဘဲ”

လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အရှုပ်အထွေးကြောင့် သမီးဖြစ်သူအတွက် စိတ်ပူနေရပြီး တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။