ဓာတ်ပုံ- စကစ လော်ဘီ

‎လွေးထွေး၊ ဒီဇင်ဘာ ၅ ရက်၊ မန္တလေး

‎မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဈေးချိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီးနောက် လမ်းဘေးဈေးဆိုင် ၅၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ရဲက ဖျက်ဆီးခဲ့ကြောင်း မြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီဇင်ဘာ ၃ ရက် မနက် ၅ နာရီဝန်းကျင်က မန္တလေးဈေးချိုမှာ နွေဦးတော်လှန်ရေးခေါင်းဆောင်တချို့က ဦးဆောင်ကာ ပြောက်ကျားဆန္ဒ ပြခဲ့ပြီး ဒီဇင်ဘာ ၄ ရက် ညမှာ စစ်တပ်နဲ့ရဲက အင်အား ၃၀၀ ဝန်းကျင်နဲ့ ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။

‎မြို့ခံအမျိုးသမီးက “အဲဈေးဆိုင်တွေက ဆန္ဒပြသူတွေကို ကူညီပေးတာကြောင့်ဆိုပြီး ဖျက်ပစ်တာ။ အဖမ်းခံရသူလည်းရှိတယ်ပြောတယ်။ သေချာတော့ မသိရဘူး။ အဲနေရာတွေမှာ ဈေးရောင်းသူတွေက တစ်ရက်လုပ် တစ်ရက်စားတွေ ပိုများတယ်” လို့ ပြောပါတယ်။

‎သတင်းရေးသားချိန်အထိ ဈေးချိုထဲရှိ ဈေးဆိုင်နဲ့ ဈေးဝယ်သူတွေကို အကြမ်းဖက်လုပ်ငန်း မလုပ်ဖို့နဲ့ မပူးပေါင်းဖို့ စစ်တပ်က ‌ပြောဆိုနေကြောင်း သူမက ဆက်ပြောပါတယ်။

‎၎င်းဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူမှာ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း၊ ရန်ကုန်သပိတ်က ကိုနန်းလင်းနဲ့ စစ်ကိုင်းသပိတ်က ကိုခန့်ဝေဖြိုးတို့က ဦးဆောင်ခဲ့တာကြောင့် စစ်တပ်က အပူတပြင်း ရှာဖွေစစ်ဆေးနေတာလို့လည်း သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

‎အလားတူ မနေ့ ဒီဇင်ဘာ ၄ ရက်ကလည်း ၎င်းနေရာအပြင် လမ်းတွေနဲ့ လူအများစုဝေးတဲ့နေရာတွေမှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက အဝင်အထွက် ပိတ်ထားပြီး ဆန္ဒပြသူတွေကိုရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။