ဓာတ်ပုံ- DPLA

မိုင်းရူပ၊ ဇန်နဝါရီ ၁၆ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူဒေသရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကာ မနေ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

“တိုက်ပွဲကတော့ ကျောက်ဂူအနီးတစ်ဝိုက်မှာ ဖြစ်နေတာ။ နေအိမ် မီးလောင်တဲ့ကိစ္စကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးလို့ သိထားရတယ်ဗျ” လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာလည်း ကျောက်ဂူမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ကျောက်ဂူဒေသမှာ စစ်တပ်နဲ့ DPLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေတာ ၂ ပတ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ကျောက်ဂူမှာ စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၄၉ စခန်း အခြေစိုက်ထားတာဖြစ်ပြီး ရပ်စောက်-ကျောက်ဂူလမ်းဟာ တအာင်းတပ်မတော်- TNLA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာဘက် စစ်ကောင်စီတပ်က စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ကျောက်ဂူနဲ့တောင်းခမ်းရွာက တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။