ဓာတ်ပုံ – ဒေသခံ

ပို့လဘား၊ ဒီဇင်ဘာ ၃ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးဟာ လယ်ယာကနေ ပြန်လာနေချိန် ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်‌ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ အဆိုပါ လင်မယားနှစ်ဦးက ၎င်းတို့ရဲ့ လယ်ယာကနေ ပြန်လာချိန်မှာပဲ ဓားနဲ့ ခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“သူတို့နှစ်ယောက်က သူတို့လယ်ယာမှာ ထင်းသွားခုတ်တာ။ လယ်ယာကနေ ပြန်လာလို့ အဲဒီအမျိုးသားက သူတို့နောက်ကိုလာပြီး သူ့အမျိုးသားရဲ့ မျက်နှာကို ဓားနဲ့ အရင်ခုတ်သွားတယ်။ ပြီးမှ သူ့အမျိုးသမီးကို ခုတ်သွားတာ။ သူကဘယ်သူဘယ်ဝါလည်း မသိဘူး။ သူ့မျက်နှာကိုလည်း မမှတ်မိဘူး။ KIA တွေက လူနှစ်ယောက်ကို ဖမ်းမိတယ်လို့ ပြောတာပဲ။ သူ ဟုတ်မဟုတ်မသိဘူး။ မျက်နှာမမှတ်မိတော့”

ဓားခုတ်ခံရသူ လင်မယားနှစ်ဦးဟာ အသက် ၄၃ ဝန်းကျင်အရွယ်ရှိတဲ့ ဒေါ်အီမေနဲ့ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ဦးအိုက်လှိုင်တို့ဖြစ်ပြီး နမ့်ဖက်ကာ‌ကျေးရွာ အောင်‌သပြေရပ်ကွက်မှာ နေထိုင်ကြသူတွေလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဓားခုတ်ခံရတဲ့ အဲဒီလင်မယားနှစ်ဦးဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။