ပို့လဘား၊ ဒီဇင်ဘာ ၃ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ ၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လာချတာ။ နေအိမ်၂ လုံး ထိတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်လည်း ပါတယ်” လို့ ၎င်းက ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်ရှိတဲ့ ကလေးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကလည်း စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။