ဓာတ်ပုံ – MR

ရဲမာန်၊ ဒီဇင်ဘာ ၂ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ‌ စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ် ခင်မွန်းရွာကို ဖျက်စီးပြီးနောက် ကျီးကုန်းရွာဖက်ကို အင်အား ၁၀၀ နဲ့ ထပ်မံစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ Monywa Revolution – MR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၃၀ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့ထဲကို ကားနှစ်စီးနဲ့ ခင်မွန်ရွာဖျက်ဆီးပြီး ကျီကုန်းအဝင်ဆိုင်ပုဒ်နား အင်အား ၁၀၀ ချပြီး စစ်ကြောင်းထိုးတာပါ။ သေဆုံးသွားတဲ့ အရပ်သားကို ၃၀ ရက်နေ့ ညမှာ သတ်သွားတဲ့ သဘောရှိတယ်။ ၁ ရက်နေ့ မနက်ခင်းမှာ အလောင်းကို ကောက်ရတယ်။ မီးကတော့ ဒီနေ့မှ ရှို့တာ”

သတ်ဖြတ်ခံခဲ့ရသူ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ကိုမင်းနိုင်ဆိုသူဖြစ်ပြီး ၎င်းဟာ ကျီးကုန်းရွာခံဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းရှိနေတာကြောင့် နေအိမ်ဘယ်နှစ်လုံး မီးရှို့သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူးလို့ ၎င်းက ဆိုပါတယ်။

“ဒီရက်ပိုင်းတွေမှာ ချောင်းဦးမြို့ပေါ်နဲ့ မုံရွာတောင်နယ်တွေကို မအူဂိတ်က‌နေ လက်နက်ကြီး‌တွေနဲ့ နေ့စဥ်ရက်ဆက်ပစ်ခတ်နေပါတယ်။ မအူဂိတ်က ပစ်တဲ့ လက်နက်ကြီးတွေ အဆံမကွဲတာတွေ ရှိနေတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က မုံရွာမြို့နယ် တောင်ခြမ်းနဲ့ ချောင်းဦးမြို့နယ်တို့ကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတို့နဲ့ ‌ ဗုံးကြဲမှု‌တွေ ပြုလုပ်တာအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေပါ ရှိတာကြောင့် အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။