ဓာတ်ပုံ – Konay Konay

ယာရူစိင်၊ ဒီဇင်ဘာ ၁ ရက်၊ သီပေါ

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လက်ရှိအချိန်ထိ ပိတ်ထားနေဆဲဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီမှာ သီပေါအဝင်အထွက်တံတားကို နှစ်ဖက်တပ်က အပြန်အလှန် ပိတ်ထားခဲ့ရာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်အထိလည်း ပြန်ဖွင့်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“တချို့ကျ ပြန်ဖွင့်တယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ တင်နေကြတာ။ တကယ်တော့ ပိတ်ထားတုန်းပဲ။ မဖွင့်သေးပါဘူး။ ဒီတိုင်း လမ်းလျှောက်ပြီး ဖြတ်သွားလို့ပဲ ရတာပါ” လို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။

သီပေါတံတား ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကိုပဲ အသုံးပြုကြရပြီး ဆိုင်ကယ်၊ ကားတွေကိုတော့ အမျိုးအစားပေါ် မူတည်ပြီး ရှမ်းတပ် SSPP က ငွေကြေးကောက်ခံကာ ကမ်းကူးပေးတာဖြစ်ပါတယ်။

ယာဉ်မောင်းတစ်ဦးက”ကျနော်တို့တုန်းကဆို ၂ ပတ်လောက် ကြာတယ်။ ဖြတ်သွားလို့ မရသေးဘူး။ ကားတွေလည်း အရမ်းများတာလေ။ စက်ကူးနေရတာဆိုတော့လည်း စောင့်ကြတာပဲလေ။ စက်ကူးခကျ ကားတစ်စီးနဲ့တစ်စီး မတူဘူး” လို့ ပြောပါတယ်။

နောင်ချို- ကျောက်ဂူလမ်းကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

လက်ရှိမှာ သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ရပ်စောက်မြို့နယ် ကျောက်ဂူလမ်း အဝင်အထွက်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။