ခိုင်လေး၊ ဇန်နဝါရီ ၁၅ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး‌ ေသဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်တပ်က စစ်ရှောင်စခန်းကို လေကြောင်းကနေ ၄ ကြိမ် ကြဲခဲ့တာကြောင့် စစ်ရှောင်နေတဲ့ မောင်နှမ နှစ်ယောက်အနီး ကျကာ ပွဲချင်းပြီး‌ ေသဆုံးသွားတာလို့ မြေပြင်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အရင်ကလည်း အဲမှာ ကြဲနေပါတယ်။ အခုက ကယားပြည်နယ်နေ့မှာ စကစ တိုးဝင်လာတော့ လုံခြုံရေး တင်းကြပ်ပြီး ကြဲချသွားတာပါ။ ကျနော်တို့ကတော့ ဒီလိုဖြစ်စဉ်တွေကို ကြုံနေရအုံးမှာဘဲ။ ကျနော်တို့မှာ လေကြောင်းပစ် မရှိဘူးလေ။ ရှိလဲ ပေါ‌ေပါသီသီ မသုံးနိုင်ဘူး”

ဒဏ်ရာ ရရှိသူ ၄ ဦးက ခြေထောက်၊ ပေါင်၊ မျက်နှာ စတဲ့နေရာမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အပြစ်မဲ့ ဒေသခံတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ တိုက်ခိုက်တာဟာရာဇဝတ်မှု မြောက်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူး ညပိုင်းက ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁ ရက် ည ၅ နာရီခန့်ကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဂျက်လေယာဥ်နဲ့ ၃ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။