မိုင်းရူပ၊ ဒီဇင်ဘာ ၁ ရက်

စစ်ကောင်စီတပ်ထံ မြို့လွှဲပြောင်းပြီးနောက် မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့ပေါ်ကနေ တအာင်းတပ်မတော် TNLA ရဲ့ တပ်ဖွဲ့ဝင်တွေက မြို့ထဲကနေ ဆုတ်ခွာသွားပြီလို့ မြေပြင်အခြေနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ တအာင်းတပ်က လွှဲပြောင်းပေးခဲ့ပြီး မြို့တွင်းကနေ ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်မှာ မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာလည်း တအာင်းတပ်ဖွဲ့ဝင်တွေကို မတွေ့ရတော့ဘူးလို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပိန်းပြစ်မှာရှိတဲ့ TNLA အဖွဲ့တွေကျတော့ မိုင်းလုံဘက် ပြန်သွားတယ်။ ရွှေသာယာမှာ ရှိတဲ့အဖွဲ့ကျတော့ မန်တုံဘက် ပြန်သွားတယ်။ အခု မိုးကုတ် – မိုးမိတ်လမ်းမှာ TNLA တွေ မရှိတော့ဘူး” လို့ ဆိုပါတယ်။

နောက်ထပ် မြေပြင်အခြေအနေ သိရှိသူတစ်ဦးကလည်း “TNLA ဘက်က အကုန်ဆုတ်ပြီလို့ ပြောလို့ရတယ်။ မိုးမိတ်မြို့ထဲကိုဆိုရင် ဆက်ဆံရေးရုံးပုံစံမျိုး ထားတဲ့အနေနဲ့ မြို့ထဲမှာ ၁၀ ယောက်ဝန်းကျင်လောက်ဘဲ ကျန်မယ်” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ မိုးကုတ်ကနေ မိုးမိတ်မြို့ဘက်ကို စစ်ကောင်စီရဲ့ ယာဥ်တန်း ၂၀ ကျော် ဝင်ရောက်လာပြီး မိုးမိတ်မြို့အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA၊ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညနေ ၅ နာရီခွဲဝန်းကျင်မှာပဲ မိုးကုတ်မြို့ အနောက်ပိုင်းအနီးမှာရှိတဲ့ ဘော်မကျေးရွာဘက်ကို စစ်ကောင်စီက ထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ မိနစ်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မိုးကုတ်အနောက်ပိုင်း ဘော်မရွာဘက် စကစက တက်လာတာပေါ့။ ဒီဘက်က ပြန်ပစ်တော့ သူတို့ ပြန်ဆုတ်သွားတာ” လို့ ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်မှာတော့ မိုးကုတ်မြို့ဘောလုံးကွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီး မနက်ပိုင်းမှာ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ကြားနေရတယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။

မိုးကုတ်မြို့ခံအားလုံးနီးပါကတော့ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာရင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့သလို တအာင်းတပ်ဖက်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးဖို့လည်း သဘောတူခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။