ဓာတ်ပုံ- Google (ပုံဟောင်း)

ဆဏ်းမောင် (ကွတ်ခိုင်)

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။

လောဘကို အရင်းတည်ကာ လူ့စိတ်ကို မြူဆွယ်မျှားခေါ်သော စလော့ဂိမ်းကစားနည်း မြောက်များစွာသည် လူမှုကွန်ယက် အွန်လိုင်းပလက်ဖောင်းတွင် မမြင်ချင်မှအဆုံး ရှုပ်ပွမြင်မကောင်းအောင် ရှိလှသည်။

လိမ်လည်နည်း မြောက်များစွာထဲမှ လောင်းကစား ဝါသနာထုံသော သူတို့အတွက် ကျားဖျန်တို့၏ စားကျက် ဖြစ်လာသည်။

စလော့ဂိမ်းကစားနည်း မြောက်များစွာထဲမှ ကျွဲဂိမ်း ကစားနည်းသည် လူတန်းစားမရွေး အများစု ကစားကြပေသည်။ မိမိဘာသာ စပ်စပ်ဆော့ဆော့ စူးစမ်းလိုက်သဖြင့်ဖြစ်စေ၊ အပေါင်းအသင်းများက အဆွယ်ကောင်းသဖြင့်ဖြစ်စေ အွန်လိုင်းပေါ်မှ စလော့ဂိမ်းများကို ဒေါင်းယူ၍ K-Pay ငွေကို ကြားခံအသုံးပြုကာ ကစားမိလာကြသည်။

K-Pay အကောင့်အပိုင် မရှိပါက နီးစပ်ရာ မိတ်ဆွေများနှင့် ဖုန်းငွေ ဝန်ဆောင်မှုရှိသော နေရာများ၌ ငွေဖြည့်သွင်းမှု ပမာဏအလိုက် ရာခိုင်နှုန်း ဝန်ဆောင်မှုဖြင့် ကျွဲဂိမ်း ဆော့ဝဲလ်တွင် ဖြည့်သွင်း ကစားနိုင်ကြသည်။

ငွေ ၁ ထောင်ကျပ်မှ အစပြုကာ ဖြည့်သွင်းကစားလို့ရသည်အထိ ကျားဖျန်တို့၏ အောက်ခြေအထိ ဆင်း၍ လိမ်လည်ဝန်ဆောင်မှုက ကောင်းလှပေသည်။ ကျွဲဂိမ်းသည် လူကြိုက်အများဆုံး ကစားနည်းဖြစ်ပြီး လူအတော်များများကို ဒုက္ခပေးသော ဂိမ်းကစားနည်း ဖြစ်သည်။

အခြေအမြစ်ရှိသော လူဂုဏ်တန် အသိုင်းအဝိုင်းများမှစ၍ ငွေကို အများအစား ကိုင်တွယ်နိုင်သော အရောင်းအဝယ် လူတန်းစားများ၊ နေ့လုပ်နေ့စား အခြေခံ လူတန်းစားတွေအထိ အလွန်အကျွံ စိတ်စွဲလမ်း ကစားမိနေကြသည်။

ဖုန်း ကိုင်တွယ်ပြီး အွန်လိုင်းသုံးစွဲသူ ရာခိုင်နှုန်းအတော်များများ သတိထားမိကြသည်မှာ ကျွဲဂိမ်းဖြစ်သည်။ သတိထားမိလောက်အောင်လည်း ကြော်ငြာမှု အားကောင်းလှပေသည်။

ကျနော်နဲ့ခင်မင်ကြသော မိတ်ဆွေတချို့၊ ကျနော် ရင်းနှီးကျွမ်းဝင်သော ဝန်းကျင်၌လည်း မကြာခဏ သူတို့ ဟမ်းဆက်(ဖုန်း)အတွင်းတွင် ကျွဲဂိမ်း ကစားနေကြသည်ကို ကိုယ်တိုင် မြင်တွေ့ရသကဲ့သို့မကြာခဏ ကြားသိနေရသည်။

အပျင်းပြေ ငွေအနည်းအကျဉ်း ထည့်ကာ ကစားကြည့်သောအခါ ပျော်စရာအသွင် ဖြစ်လာအောင် ‌ပထမ ငွေအနိုင် ပြပေးသည်။

ကစားသူ၏ လောဘသွေး တက်လာသည်နှင့်အမျှ ကြေးနှုန်း နည်းနည်းချင်း ဆွဲခေါ်တင်သွားသည်။ သိန်းဆယ်ချီ၍ အလျော်ပစ်ပေးလိုက်သေးသည်။ ထိုထက်မျှမက မိမိ အိတ်ကပ်ထဲက ယူဆောင်သွားခြင်း ခံရတော့သည်။

ကစားနေရင်း မိမိပိုင်ဆိုင် ငွေကြေးများ မရှိတော့သောအခါ မိမိအပေါ် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုအား မျက်ကွယ်ပြုကာ ငွေကြေး အလွှဲသုံးစားပြုဖို့ ဝန်မလေးတတ်ကြတော့ပေ။

အရှုံးများလာသည့်အခါ မိမိပိုင်ဆိုင်သော ဥစ္စာများကို ပေါင်နှံရောင်းချလာမည်။ ပိုင်ဆိုင်မှု မရှိတော့ပါက သူတပါး ပိုင်ဆိုင်မှုအား မျက်စောင်း ထိုးလာကာ ရာဇဝတ်မှု ကျုးလွန်ဖို့အထိ ကြံစည်စ ပြုလာသည်။ ကိုယ်တိုင် ကျူးလွန်လာမည်။

ခင်မင်ရသော အခြေခံလူတန်းစား အိမ်ထောင်ဦးစီးတစ်ယောက်ဆိုလျှင် တစ်နေ့တာ မိမိရှာဖွေ၍ ရသမျှ ငွေတိုငွေစအား ကျွဲဂိမ်း ကစားပစ်၍ ဆာလောင်နေသော ပူဆာငိုယိုနေသော သူ့ကလေးငယ်များကို ကြည့်ကာ နေရင်းထိုင်ရင်း စိတ်ဒုက္ခရောက်ဖူး၏။

၂၄ နာရီ အချိန်မရွေး ငွေသေတ္တာဖွင့်သည့် သော့ပမာ ကျွဲဂိမ်းအား ထင်ယောင်ထင်မှား စိတ်နယ်ကျွံ ကစားလာသည်အထိ ကစားသူတို့၏ စိတ်ဖြစ်တည်မှုကို ကျနော့်အနေဖြင့် ခန့်မှန်းမှန်းဆမိသည်။

မိမိ ငွေသေတ္တာ သော့အား သူတို့ကို အပ်နှံထားလိုက်သည်ကိုတော့ သတိမမူ ဂူမမြင် ရှိရှာသည်။

ထိုဂူသည် အဝင်တစ်ပေါက်သာ ရှိသော ထွက်ပေါက်မဲ့ ဂူကြီး ဖြစ်သည်။ စတင် ဝင်ရောက်သွားပြီဆိုပါက မည်းမှောင်အတိ၊ လမ်းမရှိပါ။ ဝင်သလောက် ရောက်ရှိ၍ ဝင်ခဲ့ရာ အပေါက်မှလွဲ၍ ထွက်ပေါက်မဲ့ ဖြစ်သည်။

တွေးတောဆင်ခြင်နိုင်သော ဉာဏ်ဖြင့်သာ ဝင်ခဲ့သော အပေါက်မှ ပြန်ထွက်လာနိုင်တော့မည်ဖြစ်သည်။ ရှေ့ဆက်တိုးမည်ဆိုပါက ဘဝသည် မည်းမှောင်၍ ယောင်လည်လည် အဆုံးသတ်ရပေတော့မည် ဖြစ်တော့သည်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။