မာည်းရူပ၊ ကျံရ်နိုႎဲမ်ဘာ ဆငည်း 29
ကဝ်အီနံပ်ဘည်ခူရ်က္လာည်းအရာပ်နီန်အူအီး က္လာင်းဒါႈ တံပ်ဆီုက်တအာင်း TNLA ကဲဘိဟာဝ်း ဘည်လီပ်လေႈ ဟာဝ်းႎီရ်ခေဲင်ကီုင်းမိုဂူႈ ကာည်း မိူင်မီတ် အ်ုန်အီမိုႈ ကီုင်းပ်ုန်နံင်လီပ်ဒေဲႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အမှိုဝ် ကျံရ်နိုႎဲမ်ဘာ ဆငည်း 28 ဒိူန်အောႏ။
ကဲဒါႈ “ တောပ်ပည်မိုဂူႈ ကဒါႇမိူင်မီတ်မာ် အာဝ်ဘိူန်းဟာဝ်း။ ဒီနံင်လီပ်ဒီနံင်လေႈမာ် ကဲဘိဒိုႇ။ ကဒါႇ TNLA ကဲမိုႈအီဘိ ဆာ်မိုႈတံပ်ကဲ မိူဝ်ႈအေ့ ဘည်လီပ်လေႈ ခ္လေါႈဟာဝ်းႎီရ်”
ဆဒါင်ဂီုည်လေႈဒါႈ အမှိူဝ်ဇူန်အံပ်ဒိူန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ လီပ်ဒေဲႈကဒါႇဒေင် နောင်ခေဝ်-မိုဂူႈနီန် ကဒါႇ TNLA ကဲမာ် ဒါရဲင်ဘ္လောမ်ဆီုက်ကဲခည်ဂီုန်းနီန် ခြပ္လေႈအူန်းဒီတောပ်ဒေင်ဒီန်အောႏ။
ကဲအီဒဲႈဆဒါင် ကဲအီဂေါည်ရအာည်ႇကဲနီန် က္လာင်းတဆျှိည်ဖီမျေဒါႈ တံပ်လံပ်ဒံန်ခြဲကူန်ရဝ်မာဂါင် PDF ကဲ ဟည်က္လိုတ်ႎီရ်ဒါႇ ခေဲင်ကီုင်းမိုဂူႈ ကာည်း မိူင်မီတ်နီန် ခည်ကျံရ်နိုႎဲမ်ဘာ ဆငည်း 27 ဒိူန်အောႏ။
ဂေါႇပ်ုန်လီပ်ကမိုန်ဒဲႈခယ် ဇူႈပွံတ်ကျံရ်နိုႎဲမ်ဘာ ဆငည်း 29ဒိူန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲကာည်း TNLA ကဲ ဆဖောဖါ်ႈ ကနာည်နံင်ဇံင်းဒါ့် လံပ်ကတီုက်ကပဴင် တံပ်ဆီုက်တအာင်းကဲမာ် ဆဖောဟာဝ်းပွံတ် ကနာည်နံင်အာပ်ႎီရ် မိုဂူႈကာည်း မိူင်းမီတ်နီန် တတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။