ပို့လဘား၊ နိုဝင်ဘာ ၂၉ ရက်၊ နမ့်ခမ်း
တအာင်းတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခန်ကျေးရွာက ပျောက်ဆုံးနေတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ၎င်းရဲ့ ရုပ်အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးဆီက သိရပါတယ်။
အသက် ၁၀ နှစ်အရွယ်ရှိတဲ့ မိုင်းကျော်မိုးအောင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့မှာ နေအိမ်ကနေ ကြူဆိုင်းရွာဘက်ကို မုန့်သွားဝယ်ရင်း အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“သူ့အသားတောင် မရှိတော့ဘူး။ အရိုးတွေပဲ ကျန်တော့တယ်။ သူပျောက်သွားတုန်းက သူဝတ်ထားတဲ့ အင်္ကျီနဲ့ ပြန်တွေ့တာ။ နွားကျောင်းနေတဲ့ ဦးလေးတစ်ယောက်တွေ့လို့ အိမ်မာလာပြောပြတာ။ ဝက်ကိုက်ခံရတာလား။ အကောင်ကိုက်ခံရတာလား မသိဘူး”လို့ သိရှိသူ အမျိုးသမီးက ဆိုပါတယ်။
အခုလို ဖြစ်စဉ်ဟာ လွယ်ခန်ကျေးရွာမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။