မိုင်းရူပ၊ နိုဝင်ဘာ ၂၇ ရက်၊ မိုးကုတ်

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်လွှဲပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့တွင်းကနေ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဆုတ်ခွာသွားပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

“မြို့တွင်းထဲမှာ PDF တပ်တွေ မရှိတော့ဘူး။ အကုန်ဆုတ်ခွာသွားပြီ” လို့ မိုးကုတ်မြို့တွင်းမှာ ရှိနေသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိ မိုးကုတ်မြို့ထဲမှာ မြို့ခံတွေအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့တွင်းရှိ ဆိုင်အများစုလည်း ပိတ်ထားတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ဆိုပါတယ်။

“မြို့တွင်းမှာ လူတော်တော်နည်းလာပြီ။ ဆိုင်တွေလည်း ပိတ်ထားတယ်။ စကစဝင်လာတာတော့ မတွေ့သေးဘူး” ၎င်းက ဆိုပါတယ်။

မိုးကုတ်မြို့ထဲမှာ မန္တလေး PDF အပါအဝင် မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်ပကဖ စတဲ့ တော်လှန်ရေးတပ်တွေ သွားလာလှုပ်ရှားကြတာ ဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း မြို့လွှဲပြောင်းရေးအတွက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ် PSLF/TNLA အကြား ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချို – မိုးကုတ်လမ်းပိုင်းကနေ ဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး TNLA ဘက်ကလည်း မိုးမိတ်နဲ့ မိုးကုတ်မှာ စစ်အင်အားရာနဲ့ချီ အသုံးပြုပြီး ဖြန့်ကျက်နေရာယူထားတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး တအာင်းတပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။