ဓာတ်ပုံ – လူမှုကွန်ရက်

အိုက်ပွီး၊ နိုဝင်ဘာ ၂၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုလ်၊ ခုံသာ၊ ထိုမာ၊ ထောက်ကြန့် စတဲ့ကျေးရွာတွေက ဒေသခံတွေရဲ့ လယ်ထဲက စပါးတွေကို စစ်ကောင်စီတပ်တွေက ခိုးယူရိတ်သိမ်းနေတယ်လို့ မျက်မြင်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေရဲ့ လယ်ထဲက စပါးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်ကတည်းက ခိုးယူရိတ်သိမ်းနေတာ ဖြစ်ပါတယ်။

“စပါးခိုးယူရိတ်သိမ်းခံရတဲ့ ရွာတွေက ကလေးမြို့အနီးအနားဝန်းကျင်တွေက စပါးခင်းတွေ ဖြစ်ပါတယ်။ အဲရွာက လူတွေက စစ်ဘေးရှောင်ကြတယ်။ လူတွေ မရှိဘူး။ စပါးက မှည့်နေကြပြီ။ မှည့်တဲ့စပါးခင်းတွေက စပါးတွေကို စစ်တပ်က ရိတ်တာပါ။ ထိုမာနဲ့ ရာဇာဂြိုလ် ရွာလေးတင် ဧက တစ်ထောင်ကျော် ရိတ်ခံရတယ်” လို့ မျက်မြင်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စပါးခိုးယူရိတ်သိမ်းရာမှာ စက်ကို အသုံးပြုပြီး ချွေထားတဲ့စပါးတွေကို ကလေးမြို့က စစ်ကောင်စီရဲ့ ဒစကထဲကို ကားတွေနဲ့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“စစ်သားတွေက စပါးကို နေ့ခင်းကြောင်တောင် ပေါ်တင်ကြီး စက်နဲ့ ရိတ်ကြတယ်။ ပြီးတော့ စပါးတွေကိုလည်း ဒစကထဲကို တစ်နေကုန်နီးပါး ကား ၄ စီး၊ ၅ စီးလောက်နဲ့ သယ်တယ်။ လယ်တော်တော်များ ရိတ်သိမ်းခံရပါတယ်” လို့ အထက်ပါ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်း၊ တောင်ပိုင်းရှိ ဒေသခံတွေဟာ လယ်စပါးတွေကို အဓိက စိုက်ပျိုးကြပြီး လက်ရှိမှာ စပါးတွေက မှည့်နေပြီဖြစ်ပေမယ့် တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသလို စပါးတွေလည်း မရိတ်နိုင်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ကလေးမြို့မှ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့နယ်ကို စစ်ကြောင်းထိုးပြီး ရွာပေါင်း ၃၀ ကျော်နဲ့ ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီကနေ့ထိ ကလေးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။