ဓာတ်ပုံ – CJ

‎လွေးထွေး၊ နိုဝင်ဘာ ၂၅ ရက်၊ သီပေါ

‎ရှမ်းမြောက်က သီပေါတံတား ပိတ်ထားတာကြောင့် လားရှိုး-မန္တလေးသွားတဲ့ ကားတွေ ကွင်းလမ်းအနေနဲ့ အသုံးပြုနေရတဲ့ တာလုံချောင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ငွေပိုပေးတဲ့ကားတွေကို အရင်ခေါ်ပြီး ချောင်းကူးပေးနေတယ်လို့ ကိုယ်တိုင်မြင်ခဲ့ရသူ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎သီပေါတံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကတည်းက ပိတ်ထားတာကြောင့် ကားသမားတွေက ဒီနေ့ နိုဝင်ဘာ ၂၅ ရက်အထိ ကွင်းလမ်းအနေနဲ့ အသုံးပြုနေရတဲ့ တာလုံချောင်းကို လှေကူးပြီး အသုံးပြုနေရချိန် တန်းစီစောင့်နေတဲ့ ကားတွေကို အစဉ်လိုက်မကူးပေးဘဲ ညသန်းခေါင်အချိန်မှာ SSPP တပ်က ငွေပေးနိုင်တဲ့ ကားတွေကို အရင်ခေါ်ပြီး ချောင်းကူးပေးနေတာလို့ ဆိုပါတယ်။

‎ကိုယ်တိုင်မြင်ခဲ့ရသူ ကားသမားက “ကျနော်တို့က ကားသမားချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ တန်းစီပြီး စောင့်တယ်။ ညညရောက်ရင် ရှမ်းစစ်သားက ဟိုအနောက်က ပိုက်ဆံပေးထားတဲ့ ကားတွေကို ကိုယ်တိုင်သွားကြိုတယ်။ ခေါ်လာတယ်။ ကူးပေးတယ်။ ပိုက်ဆံက ဘယ်လောက်ပေးလဲတော့ မသိရပေမဲ့ ဒါမဖြစ်သင့်ဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။

‎လှေကူးခအနေနဲ့ ၆ ဘီးယာဉ်တွေ ၃ သိန်းခွဲ ပေးရသလို တန်းစီတဲ့ ကုန်ကားတွေက တစ်ရက်ကို ၂ စီးသာ ဖြတ်သန်းခွင့်ရတာကြောင့် တချို့က ၈ ညနဲ့ ၁၀ ညဝန်းကျင်အထိ သောင်တင်နေရတယ်လို့လည်း သူက ဆိုပါတယ်။

‎ဒါ့အပြင် အဲနေရာမှာ SSPP တပ်သားတွေက အရက်သေစာ သောက်စားပြီး သွားလာတဲ့ ကားသမားတွေကို ဆဲဆိုတာနဲ့ ငွေတောင်းတာတွေအပြင် ပါးရိုက်တာ၊ သေနတ်မောင်းတင် ခြိမ်းခြောက်တာလည်း ရှိခဲ့ကြောင်း အထက်ပါအမျိုးသားက ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

‎အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကလည်း တာလုံချောင်းကူးခကို ၆ သောင်းအထိပေးခဲ့ရတယ်လို့ ကားသမားတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။

‎‎ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပိတ်ထားတဲ့ သီပေါတံတားကို ဒီနေ့ နိုဝင်ဘာ ၂၅ ရက်အထိ ပြန်မဖွင့်သေးတာကြောင့် ခရီးသွားလူထုတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။