ဓာတ်ပုံ – TNLA

မိုင်းရူပ၊ နိုဝင်ဘာ ၂၄ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ညပိုင်းမှာ လုံတောက်ကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှာ တစ်ရွာထဲနေ အမျိုးသားတစ်ဦးက အရက်မူးပြီး ၇ တန်းကျောင်းသူ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲကလေးရဲ့ အမေက တောင်ယာမှာ အိပ်တာ။ အိမ်မှာ သူဘဲကျန်ခဲ့တာ။ ညမှာ အဲအမျိုးသားက တံခါးမရရအောင်ဖွင့်ပြီးမှ အိမ်ထဲကို ဝင်လာတာ။ ကလေးမက အော်ဖို့လုပ်တဲ့အချိန်မှာ ပါးစပ်ပိတ်ထားတယ်။ ပါးစပ်ကို စောင်နဲ့စည်းထားတယ်။ အဲ ကလေးမကို အဓမ္မပြုကျင့်ပြီး နောက်နေ့မနက် ၃ နာရီ လောက်မှာ အဲအိမ်ကနေ ထွက်သွားတယ်” လို့ ဆိုပါတယ်။

၎င်း အဓမ္မပြုကျင့်တာကို တခြားသူထံ ပြောပြရင် သတ်ပစ်မယ်လို့ အဲအမျိုးသားက ခြိမ်းခြောက်ကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။

ကျူးလွန်သူအမျိုးသားဟာ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မိုင်းကျော်ဌေးဆိုသူကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

တအာင်းတပ်ဘက်ကတော့ ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးထားပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလထဲမှာလည်း ကွတ်ခိုင်မြို့ပေါ်ရှိ ဆေးခန်းတစ်ခုမှာ ဆေးခန်းပိုင်ရှင်က အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။