လွေးထွေး၊ ဇန်နဝါရီ ၁၅ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခံခဲ့ရလို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို တပ်ကြပ်ကြီးအပါအဝင် ၃ ဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ Brave Warriors for Myanmar- BWM က ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်မှာ ၁၀၇ မမနဲ့ ရှော့တိုက်ဒုံး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နမခ ဒုတိုင်းမှူးရဲ့အဆောင်အပါအဝင် တခြားအဆောက်အဦးလည်း ပြိုကျပျက်စီးခဲ့ပါတယ်။

BWM ရဲ့ တာဝန်ရှိသူက “မနေ့ညက ကျနော်တို့ မစ်ရှင် ၂ ခု လုပ်တယ်။ တစ်ခုက လွိုင်ကော်ပေါ့။ နမခက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တဝိုက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လက်ရုံးတပ်‌တွေကို အဓိက အမိန့်ပေး ကွပ်ကဲ‌နေတာ‌ကြောင့် အဲဒေသက တော်လှန်ရေး အင်အားစု‌တွေအတွက် အတားအဆီး ဖြစ်နေတယ်” လို့ ပြောပါတယ်။

တခြား ထိခိုက်ပျက်စီးမှုတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တာကြောင့် အချက်အလက် အတိအကျကို ထပ်မံ ဖော်ပြသွားမယ်လို့လည်း ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီမှာလည်း စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညစာစားပွဲ တက်ရောက်နေတဲ့ ကရင်နီပြည် ခန်းမထဲ BWM က ရှော့တိုက်ဒုံးနဲ့ ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း တောင်ငူ လေတပ်စခန်းကို BWM က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့လို့ အရာရှိအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး လေယာဉ် ၂ စီးလည်း ပျက်စီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို BWM နဲ့ ပူးပေါင်းတပ်က ရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်တိုက်ခိုက်ရာ အရာရှိအပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း BWM က ထုတ်ပြန်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။