သတင်းဓာတ်ပုံ

လွေးလာဝ်ဇာရ်၊ မိုင်းရူကော၊ နိုဝင်ဘာ ၂၁ ရက်

တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးဆောင်ဖွင့်လှစ်တဲ့ တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA ရဲ့ အပတ်စဉ်(၁)က ကျောင်းသူကျောင်းသား ၁၁၇ ဦးကို ပညာရေး ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့ပါတယ်။

ကျောင်းသား ၂၆ ဦးနဲ့ ကျောင်းသူ ၉၁ ဦး စုစုပေါင်း ၁၁၇ ဦးကို မနေ့ နိုဝင်ဘာ ၂၀ ရက်က တအာင်းဒေသတစ်နေရာမှာ ဒီပလိုမာဘွဲ့ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

TLEC ဖွင့်လှစ်ထားတဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ ဆရာဆရာမအဖြစ် ၁ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် အခုလို ပညာရေးဒီပလိုမာဘွဲ့ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းနဲ့ TLEC အပါအဝင် ဒေသခံလူထု ၁ ထောင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

TEA အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၂၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသူ သင်တန်းသား ၂၇၅ ဦး တက်ရောက်အောင်မြင်ခဲ့ပါတယ်။

အပတ်စဉ်(၃) ဒီပလိုမာအတန်းကို လာမယ့် နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး လူဦးရေ ၁၅ဝ လက်ခံသင်ကြားမှာဖြစ်တယ်လို့ TEA ကျောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီပလိုမာအတန်းကို ၂ နှစ်ကြာ တက်ရောက်ရမှာဖြစ်သလို တက်ရောက်အောင်မြင်သူတွေဟာ TLEC ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ အနည်းဆုံး ၃ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။